CEIA Andaman

သတင်း(၁)

" အန်ဒါမန်လူမျိုးစုဆက်နွယ်မှုစီမံကိန်း(CEIA) ဖြစ်ပေါ်လာပုံ"


သက္ကရာဇ်2551-2553ခုနှစ်များတွင် အန်ဒါမန်လူမျိုးစုဆက်နွယ်မှုစီမံကိန်းအား စထီယံကိုစေ့(က်)နာခပ ရထီ(ပ်)ဖောင်ဒေးရှင်း၏လက်အောက်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မိမိတို့စီမံကိန်းအား တည်ထောင် ရသောအကြောင်းရင်းမှာ 2547 ခုနှစ် ဒီဇင်ဘာလ 26 ရက်နေ့၌ဖြစ်ပေါ်ခဲ့သော စူနာမိသဘာဝဘေးဒဏ် ကြောင့် အကြီးကျယ်ထိခိုက်ဒဏ်ရာရရှိပြီး ဒုက္ခရောက်ခဲ့ကြရသော ထိုင်းနှင့်နိုင်ငံခြားသားများအပြင် ၎င်း ဒေသအတွင်း လုပ်ကိုင်စားသောက်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာပါဝင်ခဲ့သည့်ကြောင့် ပင်ဖြစ်ပါသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် စူနာမိလှိုင်းဒဏ်ကြောင့် ၎င်းတို့၏ဘ၀များစွာနှင့် စိတ်ပိုင်းဆိုင်ရာတို့ပါ များစွာထိခိုက်ခဲ့တာ အထင်ရှားဆုံးဖြစ်ပါသည်။ ထိုအပြင် ထိုင်းလူနေမှုပတ်ဝန်းကျင် နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏နေထိုင်မှုသည် ချောမွေ့ခြင်းမရှိတဲ့ပြဿနာများလည်း ဖြစ်ပေါ်လာခဲ့ ပါသည်။ 2551-2553 ခုနှစ်အတွင်း ၃ နှစ်တာကာလ၌ အန်ဒါမန်လူမျိုးစုဆက်နွယ်မှုစီမံကိန်းမှ စီမံကိန်း များစွာဆောင်ရွက်ခဲ့ရာတွင် ထိုင်းလူနေမှုပတ်ဝန်းကျင်နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားကြား နားလည်မှု ကောင်းမွန်စွာနေထိုင်သွားနိုင်ရေးအတွက်လည်း တစ်ခုပါဝင်ခဲ့ပါသည်။ မိမိတို့စီမံကိန်းတွင် လူငယ်အုပ်စု အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြင့် ကွဲပြားခြားနားသောလူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု နှစ်ခုကြား နား လည်မှုများပိုမိုဖြစ်ပေါ်စေခြင်း၊ လူငယ်များနှင့် ကလေး��ယ်များထိုင်းဘာသာသင်ယူခြင်းဖြင့် ထိုင်းပညာရေး ဥပဒေအရ မြန်မာကလေးများထိုင်းပညာရေးသင်ယူနိုင်ရန်အတွက်ပြင်ဆင်ခြင်း၊ ထို့အပြင် မြန်မာရွှေ့ပြောင်း အလုပ်သမားအတွက် ထိုင်းလူနေမှုပတ်ဝန်းကျင်နှင့် ဥပဒေတို့ကိုပိုမိုနားလည်လာနိုင်ရန် လူထုအခြခံခေါင်း ဆောင်များသင်တန်းပေးခြင်း၊ သင်တန်းမှရရှိလာသောအတွေ့ကြုံများအား မိမိတို့နေ့ဓဒူဝရင်ဆိုင် ကျော် ဖြတ်ရသော ကွဲပြားခြားနားသောယဉ်ကျေးမှုကြား ပြန်လည်အသုံးချနိုင်စေရန် နှင့် မိမိမြန်မာရွှေ့ပြောင်း အလုပ်သမားအုပ်စုများအတွက် အထွေထွေလှုပ်ရှားမှုများပြုလုပ်နိုင်ရန် မတည်ငွေထောက်ပံ့မှုစီမံကိန်းတွေ လည်း ယနေ့ထိတိုင်ပံ့ပိုးလျက်ရှိပါသည်။

မိမိတို့၏ 3 နှစ်တာကာလ အန်ဒါမန်လူမျိုးစုဆက်နွယ်မှုစီမံကိန်းသည် လူမျိုးနွယ်တိုင်းအတွက် ငြိမ်းချမ်း ရေးတည်ဆောက်ခြင်း နှင့် ငြိမ်းချစ်စွာနေထိုင်နိုင်ရေးအတွက် အထူးလုပ်ဆောင်ခဲ့ပါသည်။ အန်ဒါမန်လူမျိုး စုဆက်နွယ်မှု စီမံကိန်း